Skip to main content

"ဒေါက်တာ သမားတော်" (2017)

 


"ဒေါက်တာ သမားတော်" (2017)
*****************************

မြန်မာစာတန်းထိုးကိုရီးယားဇာတ်လမ်းတွဲသစ်

ယခုတစ်ခါမှာတော့ FIVပရိသတ်တွေအတွက် ဆေးပညာအသားပေး တောင်ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ သစ်အကြောင်း ဖော်ပြလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲကို သြဂုတ် ၁၂ ရက်ကစပြီး tvN ရုပ်သံလိုင်းကနေ အပတ်စဉ်စနေ၊ တနင်္ဂနွေ ည ၉ နာရီမှာ ထုတ်လွှင့်နေတာ ဖြစ်ပြီး အပိုင်း ၁၆ ပိုင်းရှုစားရမှာပါ။

၁၇ ရာစုနဲ့ ၂၁ ရာစုက ထူးချွန်တဲ့ ဆရာဝန်နှစ်ဦးရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မတူညီတဲ့ ခေတ်နှစ်ခုကလူနှစ်ဦး ဆုံမိတဲ့အခါမှာ ကြုံရတဲ့အဖြစ်အပျက်တွေ ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဟိုအင်းဟာဂျိုဆွန်ခေတ်က သမားတော်တစ်ဦးဖြစ်ပြီးလူနာတွေအပေါ် စေတနာထားသလို သူ့ရဲ့ ပြောင်မြောက်

တဲ့ ဆေးကုသမှုတွေကြောင့် ပြည်သူတွေ အားထားနေရသူတစ်ဦးပါ။ တစ်ရက်မှာတော့ ဘုရင့်ကိုယ်လုပ်တော်တစ်ဦးရဲ့ သားဆိုတဲ့ အကြောင်းအရာတစ်ခု ပေါ်ထွက်လာပြီး နောက်မှာတော့ ဟိုအင်းရဲ့ အောင်မြင်မှုတွေကို ပိတ်ဆို့လိုက်သလိုဖြစ်ခဲ့ပါတယ်။

နောက်တော့ သူ့ကိုမကျေ နပ်သူတွေရဲ့ ဒုက္ခပေးမှုကြောင့် ဟိုအင်းတစ်ယောက်မြားမှန်ပြီး ရေထဲကျခဲ့ကာ သူသတိပြန်ရချိန် မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တစ် ခုဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဂျိုးဆွန်ခေတ်က ဟိုအင်းတစ် ယောက် ယနေ့ခေတ်ဆိုးလ်မြို့ကို ရောက်နေလို့ပဲဖြစ်ပါတယ်။

ရှေးအ၀တ်အစားကြီးနဲ့ဟို အင်းတစ်ယောက် ကိုယ်မသိတဲ့ အရပ်ပတ်ဝန်းကျင်မှာ ယောင်လည်လည်ဖြစ်ခဲ့သလို ခေတ်မီအဆောက်အအုံတွေ၊ စက်ပစ္စည်း တွေနဲ့ ထိတွေ့တဲ့အခါမှာ အလွဲ တွေကြုံရပါတော့တယ်။





ဒေါက်တာချွဲယွန်ဂျောင်း ဟာ ခွဲစိတ်အထူးကုဆရာဝန်တစ် ဦးဖြစ်ပြီး ခေတ်ပေါ်ဆေးဝါးတွေ၊ ကုသမှုစနစ်တွေကိုသာ ယုံကြည် သူဖြစ်ပြီး အပေါ်ယံကြည့်ရင် ဘယ်သူ့မှ ဂရုမစိုက်သွေးအေး တတ်သူလို့ထင်ရပေမယ့် တကယ်တမ်းတော့ နိုက်ကလပ်တွေသွား ပြီး စိတ်ဖိစီးမှုတွေ ပျောက်အောင်ကြိုးပမ်းနေရသူပါ။

တစ်ရက်မှာတော့ အလွဲတွေ မလွတ်ကင်းတဲ့ ဟိုအင်းနဲ့ ဒေါက်တာယွန်ဂျောင်းတို့ အလွဲတွေလုပ် ရင်းကပဲ ဆုံကြပါတော့တယ်။ ရှေးအ၀တ်အစားဝတ်ထားသလို အူတူတူနဲ့ ဟိုအင်းကို ယွန်ဂျောင်းကြည့်မရခဲ့ပေမယ့် အလန်းစားစတိုင်နဲ့ ယွန်ဂျောင်းကိုတော့ ဟိုအင်းက စိတ်ဝင်စားခဲ့ပါတယ်။ 

ဒီလိုနဲ့ အရေးပေါ်လူနာတစ် ဦး မျက်စိရှေ့တွေ့တုန်း ဟိုအင်းက သူ့အပ်စိုက်ကုထုံးနဲ့ကုဖို့ ဟန်ပြင်ပေမယ့် ယွန်ဂျောင်းရောက် လာပြီး ၀င်ကုပါတော့တယ်။

ခေတ်သစ် သမားတော်နဲ့ ရှေးခေတ် သမားတော်နှစ်ဦး ထိပ် တိုက်တွေ့တဲ့အခါမှာ ဘယ်လို ပြဿနာတွေ ဖြစ်လာမှာလဲ၊ ဆေးပညာနဲ့ဆက်နွှယ်ပြီး ဇာတ်အိမ် တည်ထားတဲ့ ပုံစံလေးကြောင့် ပရိသတ်တွေ သဘောကျမယ့် ဒီဇာတ်ကားလေးမှာ ကင်နမ်ဂျီ၊ ကင်အာ ဂျုံ၊ မွန်းဂါယောင်း၊ ကင်မြောင်ဂွန် စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ 

Reviews Credit: 7Days Daily
Translated By; Lin Lin
Encoded By; J Jin Tai

Download Link-

 Episode-1 (720p)
Episode-2 (720p),  ep-2 (Google Link) 1080p
Episode-3(720p),  ep-3(Google Link)
Episode-4(720p),  ep-4(Google Link)
Episode-5(720p),  ep-5(Google Link)1080p
Episode-6(720p),  ep-6(Google Link)1080p
Episode-7(720p)
Episode-8(720p)
Episode-9(720p)
Episode-10(720p)
Episode-11 
Episode-12
Episode-13
Episode-14 
Episode-15 
Episode-16 (Finale)

FIV Entertainment Channel မှ တင်ဆက်သည်။  





 

Comments

Popular posts from this blog

ရွှေမင်းသားလေးရဲ့ချစ်ပုံပြင် ထိုင်းဇာတ်လမ်းတွဲ

  ရွှေမင်းသားလေးရဲ့ချစ်ပုံပြင် ထိုင်းဇာတ်လမ်းတွဲ "ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်" ထိုင်းဇာတ်လမ်းတွဲ မြန်မာစာတန်းထိုး ခုတခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်ကို ထိုင်းမှပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲကို ချစ်စံအိမ် ဟန်ဆောင်အနမ်းတို့ကိုရိုက်ကူးခဲ့တဲ့ Halo productionကနေပဲထုတ်လုပ်ခဲ့တာပါ ဒီဇာတ်ကားလေးက Tao Sattaphong ရဲ့ပထမမင်းသားအဖြစ်စသရုပ်ဆောင်တဲ့ ပထမဦးဆုံးကားလေးလည်းဖြစ်ပါတယ်  ဇာတ်လမ်းအကျဉ်းကတော့     Bhutinတိုင်းပြည်မှာ ခုလက်ရှိအုပ်ချုပ်နေတာတဲ့ ဘုရင်ကြီး Thadaမှာ သားတယောက်ရှိပါတယ် သူကတော့ အိမ်ရှေ့စံမင်းသား Innပါ တနေ့မှာ ဘုရင်ကြီးနေမကောင်းဖြစ်လာတော့ သားတော်Innကို အင်္ဂလန်ကနေပြန်ခေါ်လိုက်ပါတယ် အရင်မင်းကြီးရဲ့သူ့သူငယ်ချင်းနဲ့ပေးခဲ့တဲ့ကတိကိုတည်ဖို့အတွက်ပေါ့ အဲ့ကတိကတော့ မွေးလာတဲ့ကလေးချင်းပေးစားဖို့ပါ မင်းသားInnမှာ လက်ရှိချစ်သူရှိနေပြီး လက်ထပ်ခွင့်တောင်းချိန်မှာ သူ့ချစ်သူက အိပ်မက်တွေအကောင်အထည်ဖော်ဖို့ကျန်သေးတယ်ဆိုပြီးငြင်းဆိုခဲ့တာကြာင့် ဘာမှမတတ်နိုင်ပဲ Bhutinကိုပြန်လာခဲ့ရပါတယ် မင်းသားInnနဲ့လက်ထပ်မယ့် Khaningကတော့ ပထမနှစ်ကျော...

ချစ်သောဇာတိမြေ

   "ချစ်သော ဇာတိမြေ" ထိုင်းဇာတ်လမ်းတွဲ Cast Mark Prin Suparat as Jao Noi Sukkawaong ဂျိုနွိုင်ဆူကာဝမ်  Taew Natapohn Tameeruks as Maen Muang မယ်မွိုင် Mew Nittha Jirayungyurn as Minglhar မင်လ New Chaiyapol Pupart as Nor Muang နော်မောင်  Ploy Pattrakorn Tungsupakul as Laong Kam လောင်ခမ်း M Apinun Prasertwattanakul as Mong (Mong Mong)မောင် ဒီဇာတ်ကားလေးကတော့  တိုင်းပြည်အရေး ရိုးရာဓလေ့နဲ့ အချစ် တို့ပေါင်းစပ်ထားပါတယ် Channel 3 ကထုတ်လွှင့်တဲ့ကားကောင်းတခုဖြစ်ပြီး ဆုတွေအများကြီးလည်းရ ရှိခဲ့ပါတယ် ဒီဇာတ်ကားဟာရှမ်းလူမျိုးတို့ရဲ့အလှပအပြင်အဆင် မြန်မာတို့ရဲ့ ထုံးဖွဲ့ ၀တ်စားခြင်ယင်ချင်းအလှအပများကို ခံစားကြည့်ရှူရမယ့် ဇာတ်လမ်းတွဲလေးပါ။ မြန်မာနိုင်ငံတွင်းမှာနေထိုင်ကြတဲ့ ဂုံရှမ်းလူမျိုး,လိရှမ်း,လောရှမ်းလူမျိုး နဲ့့အခြားသောရှမ်းလူမျိုးတို့ရဲ့ အ၀တ်အစားပန်းကနုတ်အပြင်အဆင်များ ရှေးခေတ်မှာတကယ့်သုံးခဲ့ကြတဲ့အဆောင်ယောင်တွေ အဝတ်အစားပန်းကနုတ်တွေ အဆင်တန်စာတွေကအစ ရှေးခေတ်ပန်းချီနဲ့ဓါတ်ပုံတွေမှတဆင့်အချိန်ယူ လေ့လာပြီးမှ ရိုက်ကူးခဲ့ကြတဲ့ဇာတ်ကားပါ။ ပျောက်လုနီးပါးဖြစ်တဲ့ ရိုးရာချည်ထည်ကနုတ်တွေကိုလည...

နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ

     "နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ💛 "အညွန်း" 🐉🐉🐉🐍🐍”နာခီ (နဂါးဘုရင်မ )"🐍🐍🐉🐉🐉 Taew Nataphon ::  :: ခမ်းကျောက် / နာခီမယ်တော် Pongpanu Phupoom :: :: ထွတ်စဖွန် မဲခေါင်မြစ်ကမ်းနားက ဒွိုင်မိုင့်ပါရွာလေးက ရွာသူရွာသားတွေက နာခီ (နဂါးမယ်တော် ) ကိုကိုးကွယ်ကြတယ် နာခီမယ်တော်ဘုရားကျောင်း ဆိုပြီး မြွေရုပ်အကြီးကြီးထားပြီး ကြွယ်ဝချမ်းသာကျန်းမာဖို့ ဆုတောင်းကြတယ် သူတို့အတွက်မြွေဖြူဟာ နာခီမယ်တော်ကိုကိုယ်စားပြုပြီး အထွတ်အမြတ်အဖြစ်ထားကြတယ် မယုံကြည်လို့ စော်ကားမိရင် သေကျေပျက်စီးရတယ်လို့လည်း အယူရှိတယ် တနေ့ ဘုရားကျောင်းမှာ ကိုယ်ဝန်ဆောင်မိန်းမတယောက်က သူ့ကလေးကောင်းမွန်စွာမွေးဖွားဖို့ ဆုတောင်းနေတယ် သူမနာမည်က ခမ်းပေါင် ..အဲ့အချိန်မှာပဲ သူ့ယောက်ကျားမြွေဖမ်းသမား ခိန်က ဘုန်းကြီးပေးထတဲ့မြွေနိုင်လက်စွပ်ကို အသုံးချပြီး မြွေဖြူကိုဖမ်းပြီး နိုင်ငံခြားသားကိုရောင်းဖို့ကို လုပ်ခဲ့တယ် ခမ်ူပေါင်ဟာမြွေဖြူကနာခီမယ်တော်ကို ကိုယ်စားပြုတယ်လို့သူ့ယောက်ကျားကိုဘယ်လောက်ပြောပြော မယုံပဲဇွတ်သွားရောင်းပြီး သူ့ယောက်ကျားသေဆုံးခဲ့ရတယ် လက်စွပ်ကတော့ ဘယ်သူမှမသိလိုက်ပဲ ခိန်ရဲ့သူငယ်ချင်းဂေါဆီရောက်သွားတယ် အဲ့အချိန်...