Skip to main content

ဘဝဆက်ဆက်ထုံးဖွဲ့မယ့် ချစ်ခြင်း

  




 ဖလမ်ဖ /အူထိုင်ယိုထင်/ထိုင်ရဝေ အဖြစ် James Jirayu

ဆီတန် /ဒွန်ခဲ /ဆက်စီနာ အဖြစ် Taew Natapohn

ပါမောက္ခ အဒွန် /ဖီးဘန် /Thao Waan အဖြစ် poh Nattawut

 ပတ်ဘွန် /ဘွန်လွန် /သင်စရီအဖြစ် Boom Suphaphorn

ဖလမ်ဖဆိုတဲ့ကောင်လေးဟာငယ်စဥ်ကတည်းက သူ့ရဲ့အတိတ်ဘဝနှစ်ဘဝကိုထူးထူးဆန်းဆန်းမှတ်မိနေခဲ့ပါတယ်

အတိတ်ဘဝဆိုတာကတော့  ခရစ်နှစ် 957ခုနှစ်နဲ့ 1857ခုနှစ်ကဘဝတွေပါ

ဒီလိုမျိုးအတိတ်ဘဝတွေကိုမှတ်မိနေတဲ့ ဖလမ်ဖ လေးအတွက် မိဘတွေကစိတ်မကောင်းဖြစ်ကြပါတယ်
အဲ့ဒါကြောင့်အတိတ်ကိုသတိရနေတဲ့ဝေဒနာကိုကုသဖို့  အမေရိကကိုထွက်သွားခဲ့ကြပါတယ် 

အမေရိကကိုမထွက်ခင်ထိုင်းမှာတက်နေတဲ့ကျောင်းမှာပဲ ပတ်ဘွန် ဆိုတဲ့ကောင်မလေးကိုသဘောကျမိနေတာပါ (ကလေးချစ်လေးပေါ့)
ဖလမ်ဖတစ်ယောက်အမေရိကကိုထွက်သွားပြီး ဆေးကုသမှုခံယူခဲ့ပါတယ်
တကယ်လည်းပဲ အတိတ်ဘဝတွေကိုမေ့သွားပြီး သူမေ့သွားတဲ့ထဲမှာ ပတ်ဘွန်ဆိုတဲ့ကောင်မလေးလည်းပါသွားပါတယ် 

ဆေးကုသခြင်းရဲ့ဘေးထွက်ဆိုးကျိုးကတော့ ဖလမ်ဟာ အိပ်မက်မမက်တဲ့လူသားဖြစ်လာခဲ့ပါတော့တယ်

အမေရိကမှာနေပြီး နှစ်(20)အကြာမှာ ဖလမ် ရဲ့အဖေ ကားအက်ဆီးဒန့်နဲ့သေဆုံးပြီးနောက် ဖလမ်တို့သားအမိလည်း တိုင်ပင်ပြီး ထိုင်းကိုပြန်လာကြပါတယ်
 
ထိုင်းကိုရောက်တဲ့အခါ သတင်းထောက် အလုပ်ကို channel 6 လုပ်ကိုင်ခဲ့ပါတယ် အခြေအနေအရပ်ရပ်ကြောင့် နူးညံ့တဲ့ကောင်လေးဘဝကနေ ဒေါသကြီးတဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်

ဆီတန်ဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့သမီးဖြစ်ပြီးတက္ကသိုလ်ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်
 ထူးထူးခြားခြားသူမမှာလည်းအတိတ်ဘဝနှစ်ဘဝကိုမှတ်မိနေတဲ့စွမ်းအင်ပါလာခဲ့ပါတယ်

မတော်တဆ ကိစ္စတစ်ခုကြောင့် ငယ်ရွယ်တဲ့ ရှေးဟောင်းသုတေသန ပါမောက္ခ ဆီတန်နဲ့ တွေ့ဆုံရဖို့ ဖန်လာခဲ့ပါတယ် တွေ့ဆုံရပြီးနောက်ပိုင်းကစပြီး ဖလမ်ဖဟာ တဖန် အတိတ်ကဘ၀တွေကို ပြန်မြင်လာခဲ့ရပြန်ပါတယ်

ဖလမ်ဖက သေချာသွားခဲ့တာ တစ်ခုကတော့ ဆီတန်ကသာ သူရဲ့ လက်တွဲဖေါ်တယောက်ဆိုတာကိုပါ
ဘာကြောင့်ဆိုတော့ သူတို့ ၂ယောက်ဟာ ဘ၀ပေါင်းများစွာ အတူလက်တွဲအတူနေထိုင်ခဲ့ကြသူမို့ပါ

ဒါပေမယ့်လည်း မကောင်းဆိုးဝါးတွေက သူတို့ နောက်ကို ဒီဘ၀ထိ ၀င်ရောက်နှောင့်ယှက်ပြီး ဖလမ်ဖ နဲ့ ဆီတန်တို့ကို ကွဲအောင် ဘယ်လိုတွေ နှောင့်ယှက်ဦးမလဲ ဆိုတာကတော့  
❤️ဘ၀အဆက်ဆက်ထုံးဖွဲ့မယ့်ချစ်ခြင်း❤️ကား မှာ ဆက်လက်ရှု့စားကြပါစို့
 
Director က Fuse kittisak
 စာရေးဆရာက Aek likit Fuse 
directorကတော့ ဇာတ်လမ်း ၃ ခု ကို တစ်ခုထဲ ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်
 
၃ ကားမြောက် James Jirayu and taewကားပါ
အညွှန်းကို Taewchannel2မှ ရေးပေးထားပါတယ်ရှင့်

Taew Nataphon Myanmar Fc နှင့် FIV ပူးပေါင်းတင်ဆက်သည်

Translated by Kyi Nue Zin & Thiri Thet Tin
Encoded by Kyi Nue Zin

Download link



Episode 3












Comments

Popular posts from this blog

ရွှေမင်းသားလေးရဲ့ချစ်ပုံပြင် ထိုင်းဇာတ်လမ်းတွဲ

  ရွှေမင်းသားလေးရဲ့ချစ်ပုံပြင် ထိုင်းဇာတ်လမ်းတွဲ "ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်" ထိုင်းဇာတ်လမ်းတွဲ မြန်မာစာတန်းထိုး ခုတခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်ကို ထိုင်းမှပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲကို ချစ်စံအိမ် ဟန်ဆောင်အနမ်းတို့ကိုရိုက်ကူးခဲ့တဲ့ Halo productionကနေပဲထုတ်လုပ်ခဲ့တာပါ ဒီဇာတ်ကားလေးက Tao Sattaphong ရဲ့ပထမမင်းသားအဖြစ်စသရုပ်ဆောင်တဲ့ ပထမဦးဆုံးကားလေးလည်းဖြစ်ပါတယ်  ဇာတ်လမ်းအကျဉ်းကတော့     Bhutinတိုင်းပြည်မှာ ခုလက်ရှိအုပ်ချုပ်နေတာတဲ့ ဘုရင်ကြီး Thadaမှာ သားတယောက်ရှိပါတယ် သူကတော့ အိမ်ရှေ့စံမင်းသား Innပါ တနေ့မှာ ဘုရင်ကြီးနေမကောင်းဖြစ်လာတော့ သားတော်Innကို အင်္ဂလန်ကနေပြန်ခေါ်လိုက်ပါတယ် အရင်မင်းကြီးရဲ့သူ့သူငယ်ချင်းနဲ့ပေးခဲ့တဲ့ကတိကိုတည်ဖို့အတွက်ပေါ့ အဲ့ကတိကတော့ မွေးလာတဲ့ကလေးချင်းပေးစားဖို့ပါ မင်းသားInnမှာ လက်ရှိချစ်သူရှိနေပြီး လက်ထပ်ခွင့်တောင်းချိန်မှာ သူ့ချစ်သူက အိပ်မက်တွေအကောင်အထည်ဖော်ဖို့ကျန်သေးတယ်ဆိုပြီးငြင်းဆိုခဲ့တာကြာင့် ဘာမှမတတ်နိုင်ပဲ Bhutinကိုပြန်လာခဲ့ရပါတယ် မင်းသားInnနဲ့လက်ထပ်မယ့် Khaningကတော့ ပထမနှစ်ကျော...

ချစ်သောဇာတိမြေ

   "ချစ်သော ဇာတိမြေ" ထိုင်းဇာတ်လမ်းတွဲ Cast Mark Prin Suparat as Jao Noi Sukkawaong ဂျိုနွိုင်ဆူကာဝမ်  Taew Natapohn Tameeruks as Maen Muang မယ်မွိုင် Mew Nittha Jirayungyurn as Minglhar မင်လ New Chaiyapol Pupart as Nor Muang နော်မောင်  Ploy Pattrakorn Tungsupakul as Laong Kam လောင်ခမ်း M Apinun Prasertwattanakul as Mong (Mong Mong)မောင် ဒီဇာတ်ကားလေးကတော့  တိုင်းပြည်အရေး ရိုးရာဓလေ့နဲ့ အချစ် တို့ပေါင်းစပ်ထားပါတယ် Channel 3 ကထုတ်လွှင့်တဲ့ကားကောင်းတခုဖြစ်ပြီး ဆုတွေအများကြီးလည်းရ ရှိခဲ့ပါတယ် ဒီဇာတ်ကားဟာရှမ်းလူမျိုးတို့ရဲ့အလှပအပြင်အဆင် မြန်မာတို့ရဲ့ ထုံးဖွဲ့ ၀တ်စားခြင်ယင်ချင်းအလှအပများကို ခံစားကြည့်ရှူရမယ့် ဇာတ်လမ်းတွဲလေးပါ။ မြန်မာနိုင်ငံတွင်းမှာနေထိုင်ကြတဲ့ ဂုံရှမ်းလူမျိုး,လိရှမ်း,လောရှမ်းလူမျိုး နဲ့့အခြားသောရှမ်းလူမျိုးတို့ရဲ့ အ၀တ်အစားပန်းကနုတ်အပြင်အဆင်များ ရှေးခေတ်မှာတကယ့်သုံးခဲ့ကြတဲ့အဆောင်ယောင်တွေ အဝတ်အစားပန်းကနုတ်တွေ အဆင်တန်စာတွေကအစ ရှေးခေတ်ပန်းချီနဲ့ဓါတ်ပုံတွေမှတဆင့်အချိန်ယူ လေ့လာပြီးမှ ရိုက်ကူးခဲ့ကြတဲ့ဇာတ်ကားပါ။ ပျောက်လုနီးပါးဖြစ်တဲ့ ရိုးရာချည်ထည်ကနုတ်တွေကိုလည...

နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ

     "နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ💛 "အညွန်း" 🐉🐉🐉🐍🐍”နာခီ (နဂါးဘုရင်မ )"🐍🐍🐉🐉🐉 Taew Nataphon ::  :: ခမ်းကျောက် / နာခီမယ်တော် Pongpanu Phupoom :: :: ထွတ်စဖွန် မဲခေါင်မြစ်ကမ်းနားက ဒွိုင်မိုင့်ပါရွာလေးက ရွာသူရွာသားတွေက နာခီ (နဂါးမယ်တော် ) ကိုကိုးကွယ်ကြတယ် နာခီမယ်တော်ဘုရားကျောင်း ဆိုပြီး မြွေရုပ်အကြီးကြီးထားပြီး ကြွယ်ဝချမ်းသာကျန်းမာဖို့ ဆုတောင်းကြတယ် သူတို့အတွက်မြွေဖြူဟာ နာခီမယ်တော်ကိုကိုယ်စားပြုပြီး အထွတ်အမြတ်အဖြစ်ထားကြတယ် မယုံကြည်လို့ စော်ကားမိရင် သေကျေပျက်စီးရတယ်လို့လည်း အယူရှိတယ် တနေ့ ဘုရားကျောင်းမှာ ကိုယ်ဝန်ဆောင်မိန်းမတယောက်က သူ့ကလေးကောင်းမွန်စွာမွေးဖွားဖို့ ဆုတောင်းနေတယ် သူမနာမည်က ခမ်းပေါင် ..အဲ့အချိန်မှာပဲ သူ့ယောက်ကျားမြွေဖမ်းသမား ခိန်က ဘုန်းကြီးပေးထတဲ့မြွေနိုင်လက်စွပ်ကို အသုံးချပြီး မြွေဖြူကိုဖမ်းပြီး နိုင်ငံခြားသားကိုရောင်းဖို့ကို လုပ်ခဲ့တယ် ခမ်ူပေါင်ဟာမြွေဖြူကနာခီမယ်တော်ကို ကိုယ်စားပြုတယ်လို့သူ့ယောက်ကျားကိုဘယ်လောက်ပြောပြော မယုံပဲဇွတ်သွားရောင်းပြီး သူ့ယောက်ကျားသေဆုံးခဲ့ရတယ် လက်စွပ်ကတော့ ဘယ်သူမှမသိလိုက်ပဲ ခိန်ရဲ့သူငယ်ချင်းဂေါဆီရောက်သွားတယ် အဲ့အချိန်...