Skip to main content

ကျောင်းမှသင်မပေးနိုင်တဲ့အရာများ!

 ကျောင်းမှသင်မပေးနိုင်တဲ့အရာများ!

××××××××××××××××××
မြန်မာစာတန်းထိုးဂျပန်ဇာတ်လမ်းတွဲ




ယခုလက်ရှိ "ဂျပန်"လို့ပြောလိုက်တာနဲ့ လူတော်တော်များများမျက်လုံးထဲပြေးမြင်မိမယ့်သူက "အဝင်း" လို့ ယခုလက်ရှိ ဖေ့စဖွတ်မှာနာမည်ကြီးတဲ့ "မိုရီဆာကီဝင်း" ပဲ ဖြစ်မယ်လို့ ထင်မိပါတယ်

ဘာလို့သူ့အကြောင်းကိုပြောနေရသလဲဆိုရင် ယခုတစ်ခါ FIV ပရိတ်သတ်ကြီးတို့ကို မိတ်ဆက်ပေးမယ့် ဂျပန်ဇာတ်လမ်းတွဲလေးက "မိုရီဆာကီဝင်း" ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်လို့ပါ။

ဇာတ်လမ်းတွဲနာမည်ကိုက "ကျောင်းတော်မှာသင်ကြားလို့မရနိုင်တဲ့အရာများ" ဆိုတော့ လူငယ်အများစုကြိုက်ကြမယ့် ကျောင်းသားဟာသ ကားလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာဆိုရင်ဖြင့် အပိုင်း(၁၀) ပိုင်း ပါဝင်မှာဖြစ်ပြီး (၁)ပိုင်းကို (၅၄)မိနစ်ခန့်စီ ကြာမြင့်မှာ ဖြစ်ပါတယ်။

ကဲ...ဇာတ်လမ်းအကြောင်းလေးကိုပြောလိုက်ကြရအောင်။
ဇာတ်လမ်းအကျဉ်းလေးကတော့.....

သမာရိုးကျမိန်းကလေးတွေချည်းပဲတက်လို့ရတဲ့ မိန်းကလေးအထက်တန်းကျောင်းတစ်ကျောင်းမှာ ယောကျာ်းလေးတချို့ကို စတင် ကျောင်းအပ်လိုက်တဲ့အချိန်မှာပေါ့။
ကံကောင်းလှတဲ့ ကျောင်းသား(၅)ယောက်ဟာ အဲ့ဒီကျောင်းမှာ တက်ခွင့်ရခဲ့ကြတယ်။ သူတို့ဟာ ထပ်ပြီးတော့ ကံကောင်းခဲ့ပြန်တယ်။ဘာကြောင့်လဲဆို သူတို့ရဲ့ အတန်းပိုင်ဆရာမဟာ ငယ်ငယ်ချောချောလုံးကြီးပေါက်လှ ခေတ်စကားနဲ့ပြောရမယ်ဆိုတော့ "အကိတ်"ပေါ့ဗျာ။ အဲ့ဒီဆရာမလေးနာမည်က မိုင်အိုင်ဒီရာ(Kyoko Fukada)၊ဒီဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင်ပေါ့။

ကျောင်းတွင်းအဖွဲ့အစည်းတစ်ခုမှာ ပါဝင်ဖို့ ဆရာမက သူ့တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ထူးခြားတာက အဲ့ဒီအဖွဲ့အစည်းမှာဆို ကောင်မလေးတွေလက်ကိုကိုင်လို့ရတယ်၊ အဆင်ပြေရင် ဖတ်လို့တောင်ရတယ်တဲ့(အကအဖွဲ့ဖြစ်ရမယ်)။

ကောင်လေးငါးယောက်ဟာ အဲ့ဒီအချိန်ကို မစောင့်နိုင်ဘဲ တမျှော်မျှော်ဖြစ်နေလေရဲ့။ တကယ်တမ်း ရောက်ရှိလာတဲ့အချိန်မှာ သူတို့မျှော်လင့်ထားသလို ဖြစ်သွားမလား....?
ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမလဲ ဆိုတာကို ဒီ ဂျပန်ကျောင်းသားလူငယ်ဟာသဇာတ်လမ်းတွဲထဲမှာ ဆက်လက်စောင့်မျှော်ကြည့်ရှုကြဖို့ အသိပေးနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။.....

အားလုံးကိုလေးစားလျှက်......

Reviews; Htet Lin Oo
Trans, Nang Lamin Nwe,J Jin Tai,Kyi Nue Zin, Htay Thar Oo, နန်းသင်းရီလှိုင်
Enc:J Jin Tai
Quality: 720p
Download Link
Episode 1(openload),  Ep-1(google Link)
Episode 2(openload),  Ep-2(google Link)
Episode 3(openload)
Episode 4(openload), Ep4-(google Link)
Episode 5(openload)Ep5-(google Link)

Comments

Popular posts from this blog

ရွှေမင်းသားလေးရဲ့ချစ်ပုံပြင် ထိုင်းဇာတ်လမ်းတွဲ

  ရွှေမင်းသားလေးရဲ့ချစ်ပုံပြင် ထိုင်းဇာတ်လမ်းတွဲ "ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်" ထိုင်းဇာတ်လမ်းတွဲ မြန်မာစာတန်းထိုး ခုတခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်ကို ထိုင်းမှပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲကို ချစ်စံအိမ် ဟန်ဆောင်အနမ်းတို့ကိုရိုက်ကူးခဲ့တဲ့ Halo productionကနေပဲထုတ်လုပ်ခဲ့တာပါ ဒီဇာတ်ကားလေးက Tao Sattaphong ရဲ့ပထမမင်းသားအဖြစ်စသရုပ်ဆောင်တဲ့ ပထမဦးဆုံးကားလေးလည်းဖြစ်ပါတယ်  ဇာတ်လမ်းအကျဉ်းကတော့     Bhutinတိုင်းပြည်မှာ ခုလက်ရှိအုပ်ချုပ်နေတာတဲ့ ဘုရင်ကြီး Thadaမှာ သားတယောက်ရှိပါတယ် သူကတော့ အိမ်ရှေ့စံမင်းသား Innပါ တနေ့မှာ ဘုရင်ကြီးနေမကောင်းဖြစ်လာတော့ သားတော်Innကို အင်္ဂလန်ကနေပြန်ခေါ်လိုက်ပါတယ် အရင်မင်းကြီးရဲ့သူ့သူငယ်ချင်းနဲ့ပေးခဲ့တဲ့ကတိကိုတည်ဖို့အတွက်ပေါ့ အဲ့ကတိကတော့ မွေးလာတဲ့ကလေးချင်းပေးစားဖို့ပါ မင်းသားInnမှာ လက်ရှိချစ်သူရှိနေပြီး လက်ထပ်ခွင့်တောင်းချိန်မှာ သူ့ချစ်သူက အိပ်မက်တွေအကောင်အထည်ဖော်ဖို့ကျန်သေးတယ်ဆိုပြီးငြင်းဆိုခဲ့တာကြာင့် ဘာမှမတတ်နိုင်ပဲ Bhutinကိုပြန်လာခဲ့ရပါတယ် မင်းသားInnနဲ့လက်ထပ်မယ့် Khaningကတော့ ပထမနှစ်ကျော...

ချစ်သောဇာတိမြေ

   "ချစ်သော ဇာတိမြေ" ထိုင်းဇာတ်လမ်းတွဲ Cast Mark Prin Suparat as Jao Noi Sukkawaong ဂျိုနွိုင်ဆူကာဝမ်  Taew Natapohn Tameeruks as Maen Muang မယ်မွိုင် Mew Nittha Jirayungyurn as Minglhar မင်လ New Chaiyapol Pupart as Nor Muang နော်မောင်  Ploy Pattrakorn Tungsupakul as Laong Kam လောင်ခမ်း M Apinun Prasertwattanakul as Mong (Mong Mong)မောင် ဒီဇာတ်ကားလေးကတော့  တိုင်းပြည်အရေး ရိုးရာဓလေ့နဲ့ အချစ် တို့ပေါင်းစပ်ထားပါတယ် Channel 3 ကထုတ်လွှင့်တဲ့ကားကောင်းတခုဖြစ်ပြီး ဆုတွေအများကြီးလည်းရ ရှိခဲ့ပါတယ် ဒီဇာတ်ကားဟာရှမ်းလူမျိုးတို့ရဲ့အလှပအပြင်အဆင် မြန်မာတို့ရဲ့ ထုံးဖွဲ့ ၀တ်စားခြင်ယင်ချင်းအလှအပများကို ခံစားကြည့်ရှူရမယ့် ဇာတ်လမ်းတွဲလေးပါ။ မြန်မာနိုင်ငံတွင်းမှာနေထိုင်ကြတဲ့ ဂုံရှမ်းလူမျိုး,လိရှမ်း,လောရှမ်းလူမျိုး နဲ့့အခြားသောရှမ်းလူမျိုးတို့ရဲ့ အ၀တ်အစားပန်းကနုတ်အပြင်အဆင်များ ရှေးခေတ်မှာတကယ့်သုံးခဲ့ကြတဲ့အဆောင်ယောင်တွေ အဝတ်အစားပန်းကနုတ်တွေ အဆင်တန်စာတွေကအစ ရှေးခေတ်ပန်းချီနဲ့ဓါတ်ပုံတွေမှတဆင့်အချိန်ယူ လေ့လာပြီးမှ ရိုက်ကူးခဲ့ကြတဲ့ဇာတ်ကားပါ။ ပျောက်လုနီးပါးဖြစ်တဲ့ ရိုးရာချည်ထည်ကနုတ်တွေကိုလည...

နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ

     "နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ💛 "အညွန်း" 🐉🐉🐉🐍🐍”နာခီ (နဂါးဘုရင်မ )"🐍🐍🐉🐉🐉 Taew Nataphon ::  :: ခမ်းကျောက် / နာခီမယ်တော် Pongpanu Phupoom :: :: ထွတ်စဖွန် မဲခေါင်မြစ်ကမ်းနားက ဒွိုင်မိုင့်ပါရွာလေးက ရွာသူရွာသားတွေက နာခီ (နဂါးမယ်တော် ) ကိုကိုးကွယ်ကြတယ် နာခီမယ်တော်ဘုရားကျောင်း ဆိုပြီး မြွေရုပ်အကြီးကြီးထားပြီး ကြွယ်ဝချမ်းသာကျန်းမာဖို့ ဆုတောင်းကြတယ် သူတို့အတွက်မြွေဖြူဟာ နာခီမယ်တော်ကိုကိုယ်စားပြုပြီး အထွတ်အမြတ်အဖြစ်ထားကြတယ် မယုံကြည်လို့ စော်ကားမိရင် သေကျေပျက်စီးရတယ်လို့လည်း အယူရှိတယ် တနေ့ ဘုရားကျောင်းမှာ ကိုယ်ဝန်ဆောင်မိန်းမတယောက်က သူ့ကလေးကောင်းမွန်စွာမွေးဖွားဖို့ ဆုတောင်းနေတယ် သူမနာမည်က ခမ်းပေါင် ..အဲ့အချိန်မှာပဲ သူ့ယောက်ကျားမြွေဖမ်းသမား ခိန်က ဘုန်းကြီးပေးထတဲ့မြွေနိုင်လက်စွပ်ကို အသုံးချပြီး မြွေဖြူကိုဖမ်းပြီး နိုင်ငံခြားသားကိုရောင်းဖို့ကို လုပ်ခဲ့တယ် ခမ်ူပေါင်ဟာမြွေဖြူကနာခီမယ်တော်ကို ကိုယ်စားပြုတယ်လို့သူ့ယောက်ကျားကိုဘယ်လောက်ပြောပြော မယုံပဲဇွတ်သွားရောင်းပြီး သူ့ယောက်ကျားသေဆုံးခဲ့ရတယ် လက်စွပ်ကတော့ ဘယ်သူမှမသိလိုက်ပဲ ခိန်ရဲ့သူငယ်ချင်းဂေါဆီရောက်သွားတယ် အဲ့အချိန်...