ရွှေမင်းသားလေးရဲ့ချစ်ပုံပြင် ထိုင်းဇာတ်လမ်းတွဲ "ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်" ထိုင်းဇာတ်လမ်းတွဲ မြန်မာစာတန်းထိုး ခုတခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်ကို ထိုင်းမှပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲကို ချစ်စံအိမ် ဟန်ဆောင်အနမ်းတို့ကိုရိုက်ကူးခဲ့တဲ့ Halo productionကနေပဲထုတ်လုပ်ခဲ့တာပါ ဒီဇာတ်ကားလေးက Tao Sattaphong ရဲ့ပထမမင်းသားအဖြစ်စသရုပ်ဆောင်တဲ့ ပထမဦးဆုံးကားလေးလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Bhutinတိုင်းပြည်မှာ ခုလက်ရှိအုပ်ချုပ်နေတာတဲ့ ဘုရင်ကြီး Thadaမှာ သားတယောက်ရှိပါတယ် သူကတော့ အိမ်ရှေ့စံမင်းသား Innပါ တနေ့မှာ ဘုရင်ကြီးနေမကောင်းဖြစ်လာတော့ သားတော်Innကို အင်္ဂလန်ကနေပြန်ခေါ်လိုက်ပါတယ် အရင်မင်းကြီးရဲ့သူ့သူငယ်ချင်းနဲ့ပေးခဲ့တဲ့ကတိကိုတည်ဖို့အတွက်ပေါ့ အဲ့ကတိကတော့ မွေးလာတဲ့ကလေးချင်းပေးစားဖို့ပါ မင်းသားInnမှာ လက်ရှိချစ်သူရှိနေပြီး လက်ထပ်ခွင့်တောင်းချိန်မှာ သူ့ချစ်သူက အိပ်မက်တွေအကောင်အထည်ဖော်ဖို့ကျန်သေးတယ်ဆိုပြီးငြင်းဆိုခဲ့တာကြာင့် ဘာမှမတတ်နိုင်ပဲ Bhutinကိုပြန်လာခဲ့ရပါတယ် မင်းသားInnနဲ့လက်ထပ်မယ့် Khaningကတော့ ပထမနှစ်ကျော...
Comments
Post a Comment